Ryokou Higa

ဥက္ကဋ္ဌ / အမှုဆောင်အရာရှိချုပ်

Ryokou Higa

ကုမ္ပဏီမိတ်ဆက် / ကျွန်ုပ်တို့အကြောင်း

Myanmar OCC သည် ကျန်းမာရေးစောင့်ရှောက်မှု၊ စီးပွားရေးလုပ်ငန်း လည်ပတ်မှုများ၊ ထုတ်လုပ်ရေးလုပ်ငန်း၊ လေကြောင်းလုပ်ငန်းနှင့် စာရွက်စာတမ်း ဒစ်ဂျစ်တယ်ပြောင်းလဲရေးတို့အတွက် ယုံကြည်စိတ်ချရပြီး ဖွံ့ဖြိုးတိုးတက်လာသော နည်းပညာဝန်ဆောင်မှုများကို ဆော့ဖ်ဝဲဖွံ့ဖြိုးရေးနှင့် ဒစ်ဂျစ်တယ်ဖြေရှင်းနည်းဖြင့် ဝန်ဆောင်မှုပေးသော ကုမ္ပဏီတစ်ခုဖြစ်သည်။

ကျွန်ုပ်တို့သည် ဂျပန်နိုင်ငံ၊ အိုကီနာဝါရှိ OCC ၏ ရုံးခွဲတစ်ခုအနေဖြင့် ဂျပန်နိုင်ငံရှိနည်းပညာစံနှုန်းများနှင့် အတူမြန်မာနိုင်ငံရှိ ဆော့ဖ်ဝဲဖွံ့ဖြိုးရေး ကျွမ်းကျင်သူများအား ပေါင်းစပ်ကာ လုပ်ငန်းလည်ပတ်မှုကို ထိရောက်စွာမြှင့်တင်ပေးခြင်း၊ လူကိုယ်တိုင်ဆောင်ရွက်ရသော လုပ်ငန်းစဉ်များကို လျှော့ချပေးခြင်းနှင့် ရေရှည် ဒစ်ဂျစ်တယ်ပြောင်းလဲရေးကို ပံ့ပိုးပေးခြင်းတို့အတွက် လက်တွေ့အသုံးချနိုင်သော ဖြေရှင်းနည်းများကို ကျွန်ုပ်တို့ဘက်မှာ ထောက်ပံ့ပေးနိုင်ပါသည်။

ကျွန်ုပ်တို့၏ ဖြေရှင်းနည်းများတွင် groupware စနစ်များ၊ လေယာဉ်ပြုပြင်ထိန်းသိမ်းရေး ERP စနစ်များ၊ OCR အခြေပြု စာရွက်စာတမ်း လုပ်ဆောင်ရေးစနစ်များ၊ စက်ရုံစီမံခန့်ခွဲရေးစနစ်များနှင့် ကျန်းမာရေးဝန်ဆောင်မှုပေးသူများအတွက် ပြုပြင်ပံ့ပိုးထားသော EMR ပံ့ပိုးမှုများ ပါဝင်သည်။

‌ရေရှည် ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်

‌ရေရှည် ရည်မှန်းချက်

ဂျပန်၊ မြန်မာနှင့် အာဆီယံနိုင်ငံများအကြား ယုံကြည်စိတ်ချရသော နည်းပညာပေါင်းကူးတံတားတစ်ခုဖြစ်လာပြီး သတင်းအချက်အလက်နည်းပညာမှတစ်ဆင့် စီးပွားရေးတိုးတက်မှုနှင့် လူမှုဖွံ့ဖြိုးတိုးတက်မှုတို့ကို ပံ့ပိုးကူညီနိုင်ခြင်း။

လုပ်ငန်းတာဝန်

အဖွဲ့အစည်းအားလုံးတွင် လုပ်ငန်းတာဝန်ပြီးမြောက်မှုကို ထိရောက်မှုရှိအောင် မြှင့်တင်ရန်၊ လုပ်ငန်းလည်ပတ်မှုများကို ပိုမိုမြန်ဆန်တိကျစွာ ဆောင်ရွက်စေရန်နှင့် မြန်မာနိုင်ငံနှင့် အာဆီယံဒေသအတွင်း သတင်းအချက်အလက်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကို ရှေ့ဆက်မြှင့်တင်နိုင်ရန် ကူညီပေးကာ ယုံကြည်စိတ်ချရပြီး လုံခြုံမှုရှိသော တိုးချဲ့အသုံးပြုနိုင်သည့် ဒီဂျစ်တယ် ဖြေရှင်းနည်းများကို ပေးအပ်ရန်။

my_MMMY