အချက်အလက်ကာကွယ်ရေးပေါ်လစီ
  • Myanmar OCC သည် ကျွန်ုပ်တို့၏ လုပ်ငန်းသဘောတရားနှင့်အညီ Customer ကိုယ်ရေးကိုယ်တာ အပါအဝင် ကိုယ်ရေးကိုယ်တာအချက်အလက်များကို သင့်လျော်ပြီး တာဝန်ယူမှုရှိသော နည်းလမ်းများဖြင့် အဖက်ဖက်မှကိုင်တွယ်ဆောင်ရွက်ပေးပါသည်။
  • ကျွန်ုပ်တို့သည် customer ကိုယ်ရေးကိုယ်တာအချက်အလက်များကို စုဆောင်းရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းစွာ သတ်မှတ်ထားပြီး၊ ထိုအချက်ကို အောင်မြင်စေရန် လိုအပ်သည့်အချက်အလက်များကိုသာ အသုံးပြုပါသည်။
  • အကျွန်ုပ်တို့သည်ချက်လက်များကိုခွင့်ပြုချက်မရှိဘဲဝင်ရောက်ကြည့်ရှုခြင်း၊ဆုံးရှုံးခြင်း၊ပျက်စီးခြင်း၊အတုအယောင်ပြုလုပ်ခြင်းနှင့်ပေါက်ကြားခြင်းတို့ကိုသင့်လျော်စွာတားဆီးပြုပြင်ပေးပါမည်။
  • ကျွန်ုပ်တို့သည် ကိုယ်ရေးကိုယ်တာအချက်အလက် ကာကွယ်ရေးနှင့် သက်ဆိုင်သော ဥပဒေများ၊ စည်းမျဉ်းများ အခြားစံနှုန်းများနှင့်အညီ လိုက်နာဆောင်ရွက်ပေးပါသည်။
  • ကျွန်ုပ်တို့သည် ကိုယ်ရေးကိုယ်တာအချက်အလက်များကို သင့်လျော်စွာ ကိုင်တွယ်ဆောင်ရွက်နိုင်ရန်နှင့် ကိုယ်ရေးအချက်အလက်များ၏ လုံခြုံရေးကို ပိုမိုလုံခြုံစေရန်၊ ကိုယ်ရေးကိုယ်တာအချက်အလက် ကာကွယ်ရေး စီမံခန့်ခွဲမှုစနစ်ကို အဆက်မပြတ် ပြန်လည်သုံးသပ်ပြီး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပါသည်။
  • ကျွန်ုပ်တို့သည်လုပ်ငန်းသဘောသဘာ၀အရလိုအပ်သောအလက်များနှင့်စပ်လျဉ်းသည့်မေးမြန်းမှုများ၊ ကွန်ပလိန်းများတွင်တုံ့ပြန်ပူးပေါင်းဆောင်ရွက်ပေးပါမည်။
ဆိုက်ဘာလုံခြုံရေးပေါ်လစီ
  • ဆိုက်ဘာတိုက်ခိုက်မှုများနှင့်ဆိုက်ဘာအကြမ်းဖက်မှုများတိုးများလာနေသဖြင့်ဆိုက်ဘာလုံခြုံရေးသည်ကုမ္ပဏီများနှင့်အဖွဲ့အစည်းများအတွက်ထိပ်တန်းစိုးရိမ်မှုတစ်ခုဖြစ်လာနေပါသည်။
  • Myanmar OCC သည် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အန္တရာယ်များကို အရေးကြီးသော စီမံခန့်ခွဲမှုဆိုင်ရာ အန္တရာယ်များအဖြစ် အသိအမှတ်ပြုပါသည်။ ဆိုက်ဘာလုံခြုံရေးအန္တရာယ်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းသည် စီမံခန့်ခွဲမှု၏ တာဝန်တစ်ရပ်သာမက လူမှုရေးတာဝန်တစ်ရပ်လည်း ဖြစ်ကြောင်း ကျွန်ုပ်တို့ နားလည်သဘောပေါက်ထားပါသည်။
  • သတင်းအချက်အလက်ပိုင်ဆိုင်မှုများ၊ စနစ်များနှင့် Customer Data များကို ကာကွယ်ရန်အတွက် ကျွန်ုပ်တို့သည် IPA Japan ၏ လမ်းညွှန်ချက်များနှင့် အသိအမှတ်ပြုထားသော ဆိုက်ဘာလုံခြုံရေး စံနှုန်းများ၊ အကောင်းဆုံးကျင့်သုံးနည်းလမ်းများအပေါ် အခြေခံ၍ ဆိုက်ဘာလုံခြုံရေး လမ်းညွှန်ချက်များကို သတ်မှတ်ထားပါသည်။ အဆိုပါ လမ်းညွှန်ချက်များသည် သတင်းအချက်အလက်များကို လုံခြုံစွာ ထိန်းသိမ်းကာကွယ်ရန်နှင့် သင့်လျော်စွာ စီမံခန့်ခွဲနိုင်ရန် လိုအပ်သော လုံခြုံရေးအစီအမံများကို သတ်မှတ်ပြီး အကောင်အထည်ဖော်ရာတွင် ကူညီပေးပါသည်။
လူမှုကွန်ယက်ပေါ်လစီ
  • Myanmar OCC သည် customer များ၊ partner များ၊ ဝန်ထမ်းများနှင့် အများပြည်သူတို့ထံ company information၊ activity များနှင့် update များကို မျှဝေရန် social media ကို တာဝန်ယူမှုရှိပြီး professional ဖြစ်စွာ အသုံးပြုပါသည်။
  • ကျွန်ုပ်တို့သည် confidential information များကို ကာကွယ်ခြင်း၊ customer နှင့် partner များကို လေးစားခြင်း၊ မမှန်ကန်သော သို့မဟုတ် အထင်အမြင်လွဲမှားစေနိုင်သော content များကို ရှောင်ရှားခြင်းနှင့် official company channel များမှတစ်ဆင့် professional communication ကို ထိန်းသိမ်းခြင်းတို့ကို အလေးထားဆောင်ရွက်ပါသည်။
  • Myanmar OCC ၏ official website သို့မဟုတ် official social media account များမှ ထုတ်ပြန်ထားသော information များကိုသာ official company communication အဖြစ် မှတ်ယူသင့်ပါသည်။ ဝန်ထမ်းများက ကိုယ်ပိုင် account များတွင် ဖော်ပြသော content များသည် official ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားခြင်းမရှိပါက Myanmar OCC ၏ official view ကို ကိုယ်စားမပြုပါ။
my_MMMY